Saturday, April 21, 2012

                                              ကောင်းကွက်ကိုရှာ

သူ့
ကာယကံမကောင်းရင်
ဝစီကံကောင်ကွက်ကိုရှာ
ဝစီကံမကောင်းရင်
ကာယကံကောင်းကွက်ကိုရှာ
ကာယ၊ဝစီမကောင်းရင်
ရံခါကောင်းကွက်ကိုရှာ
ရံခါလည်းမကောင်းရင်
ဒေါသရဲ့ဖြည့်ဆည်းရာ
သနားခြင်းကရုဏာနဲ့
ကောင်းကွက်ကိုရှာ
ကိုယ်၊စိတ်၊နှလုံးကောင်ပြီဆိုရင်တော့
ဣဿာမပွား၊မုဒိတာထားပြီး
ကောင်းကွက်ကိုရှာ
နောက်ဆုံးတော့
စိတ်ကောင်းထားတတ်ရင်
ကောင်းကွက်ကိုရှာဆိုတာ........
                                                (အဂုင်္တ္တရနိကာယ်၊ဒုတိယအာဃတပဋိဝိနယသုတ်တော်ကိုမှီငြမ်းခံစားသည်။)

0 comments:

Post a Comment

ပြောချင်တာလေးများရှိရင်

Popular Posts