Sunday, February 5, 2012

ချစ်သောမကုဋာ

ထိုထိုဤဤ၊ လေးမျက်ဆီမှ
ကြွရောက်လာငြား၊ ရှင်,အရှင်များကို
ရင်နှစ်သီးချား၊ သားငယ်လားသို့
နွေးနွေးထွေးစေတာ၊ချစ်သော မကုဋာ။

ဓုရနှစ်ဖြာ၊ ကျင့်စရာကို
ကြည်နူးရွှင်လန်း၊ စိတ်ဝယ်ဖျန်းကာ
ဘေးရန်ကင်းပ၊ ချမ်းသာရ၍
ကျင့်ကြံစေတာ၊ ချစ်သောမကုဋာ။
ပညာပြည့်ဝ၊ နှလုံးလှ၍
ဒီဂရီဘွဲ့များ၊ ပိုက်ထွေးထားကာ
မိခင်ရင်မှ၊ ထွက်ခွာကြလည်း
ပြုံးလျက်နှင့်သာ ၊ချစ်သောမကုဋာ။

        ချစ်သောမကုဋဟူသည်………..
တို့သာသနာ၊ ဤကမ္ဘာအား
အမှောင်ဖြိုခွင်း၊ အလင်းထွန်း၍
အတိအေးချမ်း၊ နိဗ္ဗာန်နန်းသို့
ရှေးရှုနေပါတကား……….
                             (မိုးညွတ်ခ)

0 comments:

Post a Comment

ပြောချင်တာလေးများရှိရင်

Popular Posts