Monday, May 21, 2012

အချစ်မုန်းတို့လွန်သော်…..


ချစ်ခြင်းကြောင့် ချစ်ခြင်းဖြစ်၏။ ချစ်ခြင်းကြောင့် မုန်းခြင်းဖြစ်၏။ မုန်းခြင်းကြောင့် ချစ်ခြင်းဖြစ်၏။ မုန်းခြင်းကြောင့်မုန်းခြင်းဖြစ်၏။အဲဒါကတော့အဂုင်္တ္တရနိကာယ်၊စတုက္ကနိပါတ်၊ပေမသုတ်မှစကားရပ်လေးဖြစ်ပါသည်။
အထက်ပါစကားရပ်ကိုဖတ်မိပြီးကုဏ္ဍလကေသီဇတ်လမ်းလေးကိုသတိရလျှက်ရှိသည်။စာဖတ်သူများကိုလည်းဝေမျှချင်စိတ်ဖြစ်ပေါ်လာသောကြောင့်ရေးဖြစ်လိုက်သည်။ကုဏ္ဍလကေသီဇာတ်လမ်းလေးကို အကျဉ်းမျှတင်ပြပါမည်။ကုဏ္ဍလကေသီဆိုတာကရာဇပြိုလ်ပြည်ကသူဌေးသမီးပေါ့။ဘုံခုနှစ်ဆင့်အထက်မှာကျွန်မတစ်ယောက်နဲ့သာထားရှိသည်။တစ်နေ့ခိုးသူသတ္တုကကိုရိုက်ပုတ်ပြီးလူသက်ကွင်းသို့ခေါ်ဆောင်သွားစဉ်ကုဏ္ဍလကေသီထေရီးအလောင်းသူဌေးမကမြင်ပြီးချစ်ခင်နှစ်သက်သွားတော့သည်။သာမန်နှစ်သက်မှုမျိုးမဟုတ်။မရရင်မနေဆိုသောနှစ်သက်မျိုးဖြစ်သည်။အစားမစားသောက်ပဲဆန္ဒပြတော့သည်။မိဘများကချစ်လွန်းလို့ခိုးသူကိုမြို့တော်ထံလာဘ်တံစိုးထိုး၍သမီးတော်နှင့်ပေးစားလိုက်ရသည်။
ရက်မကြာခင်းမှာတော့ခိုးသားကဇာတိပြလာတော့သည်။သူဌေးသမီးပိုင်ဆိုင်သမျှကိုရယူချင်စိတ်ဖြစ်ပေါ်လာတော့သည်။သူဌေးသမီးကိုဖြားယောင်းပြီးတောင်ထိပ်ပေါ်သို့ခေါ်ဆောင်သွားသည်။တောင်ထိပ်ရောက်မှသူဌေးသမီးသည်ဖြစ်အင်တို့ကိုသိရတော့သည်။သူဌေးသမီးကအမျိုးမျိုးတောင်းပန်ပါသော်လည်းမရ။သက်မည်တကဲကဲသာဖြစ်နေတော့သည်။သူဌေူးသမီးလည်းမည်သို့မျှတောင်းပန်မရသည့်နောက်ဆုံးပရိယာယ်သုံးရတော့သည်။ အရှင်ကောင်းပါပြီ နောက်ဆုံးအနေနှင့် ကျနော်မျိုးမကို လေးဘက် လေးလံမှပွေ့ဖက်လိုပါသည်ဟုတောင်းဆိုလိုက်သည်။ခိုးသူကခွင့်ပြုလျှင်သူဌေးသမီးသည်ပွေ့ဖက်ရန်ပြုပီးတောင်ပေါ်မှ တွန်းချလိုက်တော့သည်။ထိုအရာကိုမြင်ရသော တောင်စောင့်နတ်က အရာဌာနတို့၌ ယောက်ျားတို့သည်သာပညာရှိသည်မဟုတ်၊ ကြောင်းကျိုးဆင်ခြင်နိုင်ပါမူကား မိန်မသည်လည်း ပညာရှိ ဖြစ်နိုင်သည် ဟု ကောင်းချီးသြဘာပေးလိုက်သည်။ သူဌေးသမီးသည် မိဘတို့အထံသို့ မပြန်တော့ဘဲ ကျောင်းအရာမ်တစ်ခုခုတွေ့လျှင်ရဟန်မပြုတော့အံ့ဆိုပြီးခြေဦးတည့်ရာထွက်ခဲ့တော့သည်။ပရဗိုဇ်ကျောင်းတစ်ကျောင်းသို့ရောက်ပြီး ပရဗိုဇ်မပြုခဲ့သည်။ သူဌေးသမီးသည် ပရဗိုဇ်တို့ဝါဒတစ်ထောင်ကို ခဏတွင်းမှာပင်တတ်မြောက်ပြီးဆရာတို့ခွင့်ပြုချက်ဖြင့် ဇမ္ဘူတစ်ခွင်ဝါဒလှည့်လည်ယှဉ်ပြိုင်တော့သည်။ အောင်ပွဲအလီ လီလည်းရရှိခဲ့သည်။ နောက်ဆုံး တရားစစ်သူကြီးနှင့်တွေ့ဆုံးပြီးနောက်စစ်မှန်သော တရားဓမ္မကိုသိရှိသွားပြီး ရဟန်းမပြုရန်တောင်းပန်တော့သည်။ အရှင်သာရိပုတ္တရာ မထေရ်မြတ်က ဘုရားရှင်ထံစေလွတ်တော်မူလိုက်သည်။ထို့ကြောင့်ကုဏ္ဍလကေသီသည်မြတ်စွာဘုရားရှိတော်မူရာအရပ်သို့သွားရောက်ပြီးထိခြင်းငါးပါးဖြင့်ရှိးခိုးပြီးသင့်တင့်ရာအရပ်မှာရပ်တည်နေလေတော့သည်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး သည် ကုဏ္ဍလကေသီ၏ ဥာဏ်ရင့်ကျက်ချိန်ကိုသိတော့မူ၍ “ အကျိုးမပြီးအချည်းနှီး သောဝါကျတို့နှင့်ယှဉ်စပ်ပါက အထောင်လောက်သောဂါထာတို့ပင်ဖြစ်စေ မမြတ်၊ မချီးမွမ်းထိုက်၊တစ်ဂါထားထဲပင်ဖြစ်စေကာမူကိလေသာငြိမ်းကြောင်းတရားဖြစ်ပါကချီးမွမ်းအပ်၊မြတ်လှပေ၏”ဟူသော ဂါထာတော်ကိုဟောကြားတော်မူသည်။တရားတော်ဆုံးသောအခါ ကုဏ္ဍလကေသီသည် ရပ်တည်နေရင်းပင်ပဋိသမ္ဘိဒါလေးပါးနှင့်တကွရဟန္တာဖြစ်သွားတော့သည်။ထို့နောက်မြတ်စွာဘုရားရှင်ထံရဟန်းမဝတ်ခွင့်တောင်းပြီးရဟန္တာထေရီမဖြစ်သွားတော့သည်။ကုဏ္ဍလကေသီထေရီမသည်တစ်ဂါထာတည်းဖြင့်လေးမဂ်လေးဖိုလ်ရသွားသောကြောင့်မြတ်စွာဘုရားရှင်ကခိပ္ပာဘိညဧတဒဂ်(လျင်မြန်စွာမဂ်ဖိုလ်ကိုမျက်မှောက်ပြုခြင်း) ဟူသောဧတဒဂ်ကိုချီးမြှင့် တော်မူခဲ့သည်။
ဤဝတ္ထုကိုဤသို့ရှုမြင်မိသည်…။သူတော်ကောင်းနှလုံးသားပိုရှင်သည်လောက်ကြီးကိုအလှတရားဖြင့်အလှဆင်နေသည်။သူတော်ကောင်းတရားကိုလိုက်နာကျင့်သုံးသူသည် သုဂတိဘဝများသို့သာ၊ ကောင်းရာမွန်ရာသို့သာရောက်ရသည်။သူယုတ်မာတရားကတော့သူတော်ကောင်းတရားနှင့်ဆန့်ကျင်ဘတ်သာဖြစ်သည်။ထို့ကြောင့်ဝေးကွားဆုံးသောတရားတို့တွင့်သူတော်ကောင်းတရားနှင့်မသူတော်တရားသည်ဝေးကွာဆုံးဖြစ်သည်ဟုဆိုကြခြင်းဖြစ်ပေမည်။သူဌေးသမီးနှင့်ခိုးသူတို့သည်တစ်အိုးတစ်အိမ်ထောင်ဖြစ်သောကြောင့်နီးသည်ဟုယူဆဖွယ်ရှိသည်။သို့သော်ဝေးကွားလွန်းခဲ့သည်။အဘယ့်ကြောင့်ဆိုသောမိန်းမဖြစ်သူကသူတော်ကောင်းတရားပိုင်ရှင်ဖြစ်ပြီးလင်ဖြစ်သူကမသူတော်တရားပိုင်ရှင်ဖြစ်သောကြောင့်ဖြစ်သည်။ထို့ကြောင့်မဃဒေဝ၌“သဒ္ဓါပညာ၊သမ္ဘာမမျှ၊ဤလောက၌၊မိန်းမရတနာ၊ယုတ်မာယောက်ျား၊အတူထားလည်း၊နီးပါးမသီ၊ရေနှင့်ဆီသို့၊မညီစိတ်မှာ၊ဝေးကြစွာ၏”ဟုစပ်ဆိုခဲ့ခြင်းဖြစ်ပေလိမ့်မည်။သူဌေးသမီးသည်သူခိုးလင်တော်မောင်အာားပရိယာယ်သုံး၍သက်ခဲ့သည်ကိုထောက်ဆလျှင်ခွန်အားသည်အဓိကမဟုတ်၊အသိဥာဏ်သည်သာအဓိကဖြစ်သည်ဆိုသောအယူကိုထောက်ခံလျှက်ရှိနေပေသည်။
          သိပ္ပံပညာမည်မျှထွန်းကားသည်ဆိုကြပါစေလရောင်အတုဖြင့်ကုမုဒြာကြာပန်းကိုမပွင့်နိုင်သကဲ့သို့ပရဗိုဇ်တို့၏အယူဝါဒတစ်ထောင်သည်လည်းကုဏ္ဍလကေသီ၏အသိဥာဏ်ကိုမပွင့်လင်းစေနိုင်ခဲ့ပါ။အဘယ့်ကြောင့်ဆိုသော်ပရဗိုဇ်တို့အယူဝါဒသည်စစ်မှန်သောတရားဓမ္မနှင့်မစပ်ယှဉ်သောကြောင့်ဖြစ်သည်။မြတ်စွာဘုရားရှင်ဟောကြားအပ်သောတရားသည်တစ်ဂါထာထဲမျှသာဖြစ်သော်လည်းလရောင်နှင့်တွေ့သောအခါကုမုဒြာကြာပန်းသည်ငွားငွားစွင့်စွင့်ပွင့်လာသကဲ့သို့ကုဏ္ဍလကေသီ၏အသိဥာဏ်တို့သည်ပွင့်လင်းလာပြိးအရတ္တဖိုလ်ဆိုက်သွားဖြစ်သည်။စစ်မှန်သောတရားဓမ္မကြောင့်ဖြစ်သည်။ထေရီမသည်ပစ္စုပ္ပန်သံသရာကျိုးနှစ်ဖြာကိုပြီးစေတတ်သောတရားဓမ္မကြောင့်ပုထုဇဉ်ဘဝမှအရိယာဘဝသို့ရောက် ရှိသွားရခြင်းဖြစ်သည်။ အဂ္ဂခိပ္ပာဘိညဧတဒဂ်ဘွဲ့ရ သူဖြစ်ခဲ့ရသည်။
          သူဌေးသမီးသည်ခိုးသူကိုချစ်မြတ်နိုးသောစိတ်ကြောင့်ချစ်ခင်ခြင်းဖြစ်ခဲ့သည်။သူ့ကိုသက်မည်ပြုသောအခါချစ်ခြင်းမှမုန်းခြင်းသို့ရောက်သွားတော့သည်။အရှင်သာရိပုတ္တရာမထေရ်နှင့်တွေ့ဆုံရသောအခါစစ်မှန်သောတရားဓမ္မကိုသိရှိသွားပြီးခန္ဓာငါးပါးတို့အပေါ်မုန်းစိတ်ပေါ်ပြီးစစ်မှန်သောပရမတ္ထတရားဓမ္မကိုချစ်စိပေါက်သွားရတော့သည်။ခန္ဓာငါးပါးကိုမုန်းစိတ်ဝင်ပြီးနောက်ထပ်တစ်ဖန်ဤကဲ့သို့သောခန္ဓာကိုယ်မျိုးဖြစ်ပေါ်မည်ကို မုန်းစိတ်ဝင်သွားတော့သည်။ ထို့ကြောင့် မြတ်စွာဘုရားရှင် ဟောတော်မူသော တရားဓမ္မတစ်ဂါထာထဲမျှနှင့်ပင်တရားထူးရရှိသွားခြင်းဖြစ်သည်။တရားထူးတရားမြတ်ရရှိသွားသောအခါသူမ၏သန္တာ၌အချစ်အမုန်းတို့မည်သည်မြူမှုန်မျှပင်ရှိတော့မည်မဟုတ်။ရဟန္တာတို့မည်သည်နောက်ထပ်တစ်ဖန် ရောက်စရာဘုံဘဝ မရှိတော့သောကြောင့်ဖြစ်သည်။
ထို့ကြောင့်ကျွန်ုပ်တို့သည်လည်းချစ်အမုန်းတို့လွန်ရာလမ်းစဉ်သို့တတ်နိုင်သရွေ့မှန်မှန်လျှောက်လှမ်းကြပါစို့……..
အားလုံးကျန်းမာချမ်းသာကြပါစေ………………..

2 comments:

စံပယ်ချို said...

ချစ်အမုန်းတို့လွန်ရာလမ်းစဉ်သို့တတ်နိုင်သရွေ့မှန်မှန်လျှောက်လှမ်းနိုင်ပြီး
လူတိုင်းကိုမေတ္တာထားနိုင်ပါစေလို့ရှင်----

moezawzaw said...

ဆရာတော် အရှင်ပညာနန္ဒဘုရား

ချစ်ခြင်းကြောင့် ချစ်ခြင်းဖြစ်၏။
ချစ်ခြင်းကြောင့် မုန်းခြင်းဖြစ်၏။
မုန်းခြင်းကြောင့် ချစ်ခြင်းဖြစ်၏။
ကျွန်ုပ်တို့သည်လည်း
ချစ်အမုန်းတို့လွန်ရာလမ်းစဉ်သို့
့ တတ်နိုင်သရွေ့
မှန်မှန်လျှောက်လှမ်းကြပါစို့……..

ချမ်းမြေ့ပါစေ
မိုးပုံလွှာ

Post a Comment

ပြောချင်တာလေးများရှိရင်

Popular Posts