Saturday, June 15, 2013

မျိုးချစ်စိတ်ဓာတ်နှင့် အခွင့်အရေးချိုးဖောက်မှု



ကမ္ဘာဦးအခါ ငှက်တွေက ရွှေဟင်္သာတွေကို မင်းအဖြစ် တင်မြှောက်ကြပါတယ်တဲ့။ ဟင်္သာမင်းမှာက တစ်ဦးတည်းသော သမီးပျိုလေးရှိပါတယ်။ ရွှေဟင်္သာမင်းက တစ်ဦးတည်းသော သမီးလေးကို အလွန်ချစ်မြတ်နိုးတဲ့အတွက် ကြင်ဖော်ရွေးချယ်ခွင့် ပေးထားလိုက်ပါတယ်။ ဟင်္သာမင်းရဲ့ဖိတ်ခေါ်မှုကြောင့် ငှက်များအားလုံး ဟိမ၀န္တာတောင်ကျောက်ဖျာကြီးပေါ်မှာ စည်းဝေးကြပါတယ်။
          ငှတ်အပေါင်းတို့ရဲ့ အလယ်မှာ ဟင်္သာပျိုမလေးက ပတ္တမြားအဆင်းနှင့်တူသော လည်တိုင် လှပဆန်းကြယ်သော တောင်ပံတို့ရှိသော ဥဒေါင်းကို ကြင်ယာအဖြစ်ရွေးချယ်လိုက်ပါတယ်။ ဒီတော့ ပတ်ဝန်းကျင်က ငှက်တွေက ကြင်ဖော်ရွေးခံရတဲ့ ဥဒေါင်းကို ၀ိုင်းဝန်းချီးကျူးကြတာပေါ့။ ကြင်ဖော်ရွေးခံရတဲ့ ဥဒေါင်းက ဘ၀င်မြင့်လာပြီး အတောင်ကိုဖြန့် အမြီးကိုကော့ထောင်ပြီး က တော့တာပေါ့။ ဒီတော့ မမြင်သင့်တဲ့ အစိတ်အပိုင်းတွေကို အားလုံးမြင်သွားကြတယ်။ ဒီအခါမှာတော့ ရွှေဟင်္သာမင်းက အရှက်အကြောက် ကင်းမဲ့သူအား ငါ့သမီးကို မပေးနိုင်ဆိုပြီး ရွေးချယ်ထားခြင်းကို ဖျက်ဆီးလိုက်သည်။ ထို့နောက် အမျိုးတူ ဟင်္သာတစ်ကောင်နဲ့ပဲပေးစားလိုက်တော့သည်။
         
          ဒီမှာ စဉ်းစားစရာတွေအများကြီးတွေ့ရပါတယ်။ မတူတာလေးတွေဆိုပါတော့။ မိဘ အမြင်နဲ့ သားသမီးအမြင်၊ ယဉ်ကျေးမှုခြားနားတွေ…မျိုးနွယ်ခြားနားတာတွေ……….ပေါ့။
          မိဘက တစ်ဦးတည်းသောသမီးလေးမို့ ချစ်လွန်းလို့ သမီးစိတ်ကြိုက် ကြင်ယာဖတ်ရွှေးချယ်ခွင့်ပေးခဲ့တယ်။ သမီးကလည်းငယ်ရွယ်သည့်အလျောက် အလှပဖတ်ကိုဦးစားပေးခဲ့တယ်။ ဒီတော့ ဖခင်ဖြစ်သူကတော့ ချစ်သမီးရွေးချယ်လိုက်တဲ့ ကြင်ယာတော်ကို သတိထားကြည့်ရတော့တာပေါ့လေ။ ဒီမှာ အမြင်မတူမှုတွေဖြစ်လာတာပေါ့။ ဇာတ်တွေခြားနားတော့ ယဉ်ကျေးမှုတွေခြားနားတွေကို ဖခင်က မြင်လာတယ်။ သမီးကတော့ အလှပကိုပဲဦးစားပေးခဲ့တာပေါ့။ ဖခင်ရဲ့စိတ်ထဲမှာတော့ အဆင်းလှပမှုတွေသည် ပဓာနမဟုတ်။ လောကပါလ တရားနှစ်ပါးထဲမှာပါတဲ့ ရှက်ခြင်း ဆိုတဲ့ တရားမဲ့နေတဲ့အတွက် ချစ်သမီး၏ ကြင်ယာရွေးချယ်မှုကို တားဆီးခဲ့သည်။ နောက်အမျိုးတူ ဟင်္သာတစ်ကောင်နဲ့သာပေးစားလိုက်တော့သည်။ ဤအချက်က ဘာကိုပြသလဲဆိုရင် ဘုရင်ဟင်္သာမင်းရဲ့ မျိုးချစ်စိတ်ဓာတ်ကိုပြလိုက်တာပါပဲ။။ စာရေးသူအထင်ကတော့ ရွှေဟင်္သာမင်းက အမျိုးမတူမှုကြောင့် ချစ်သမီးရဲ့ ကြင်ယာရွေးချယ်မှုကို ဖျက်လိုက်တယ်လို့ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ရွှေဟင်္သမင်းက တခြားရွေးချယ်မှုတွေကို မပြုစေတော့ပဲ အမျိုးတူ ဟင်္သာတစ်ကောင်နဲ့သာပေးစားလိုက်ခြင်းကြောင့်ပါ။   
ဤသို့လည်းစဉ်းစားမိသည်။ဘုရင်ကြီးအနေနဲ့ခေါင်းဆောင်တွေရဲ့ငှက်အခွင့်အရေးချိုးဖောက်တယ်လို့ပြောကြမှာပဲလို့ပေါ့လေ။ ဒါပေမဲ့ ငှက်ဘုရင်ကြီးအနေနဲ့ ငှက်အခွင့်အရေးချိုးဖောက်တယ်လို့ အပြောခံရမှာကို ဂရုစိုက်နေမယ်ဟု မထင်ခဲ့။ အကယ်လို့ ငှက်ဘုရင်ကြီးအနေနဲ့ ငှက်အခွင့်အရေးကို ချိုးဖောက်ခံတာတို့ ငှက်အချင်းအချင်း စာနာနားလည်မှုမရှိဘူးဆိုတာတွေကို ထည့်စဉ်းစားပါက ငှက်ဘုရင်ရဲ့ ကိုယ်ပိုင်အချုပ်အာဏာကို ထိပါးစော်ကားလာမည် မဟုတ်ပါလား သားသမီးနဲ့ပတ်သက်လာပီဆိုတော့လေ။ မျိုးမတူ၊ယဉ်ကျေးမှုတွေခြားနားတဲ့ အသိုင်းအ၀ိုင်းနှစ်ခုကြားမှာတော့ မပြီးနိုင်တဲ့ပြဿနာတွေဖြစ်ပွားလာမှာပဲလေ။ ဆိုတော့ ငှက်ဘုရင်ရဲ့စိတ်ဓာတ်ကတော့ သူ့ကို ငှက်အခွင့်အရေး ချိုးဖောက်တဲ့သူ၊ ငှက်အချင်းချင်းစာနာတဲ့စိတ်ထားမရှိတဲ့သူလို့ ပြောနေကြမှာကို သူဂရုမစိုက်နိုင်ပါဘူး။ အမျိုးကို စောင့်ရှောက်လိုသောစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကြောင့်ပါ။ အမျိုးသားရေးကိစ္စနဲ့ယှဉ်လာပါက အခြာသော ကိစ္စတို့သည် ဖွဲ စခွဲအဖြစ်သာ သဘောထားလိုက်သည်။ ဤကဲ့သို့စိတ်ထားများ မထားလိုက်ပါက သူ့ရဲ့အမှားသည် သားစဉ်မြေးဆက် အပြစ်တင်ခြင်းကိုခံနေရတော့မည်သာဖြစ်သည်။ ရွှေဟင်္သာဟူသော မျိုးနွယ်သည်လည်း ဂုဏ်ရောင်ပြောင်နေတော့မည်မဟုတ်တော့ပေ။ မျိုးဆက်သစ္စာဖောက်အဖြစ် ဂန္တ၀င်မှတ်တမ်းရေးထိုးခံနေရတော့မည်ဖြစ်သည်။

 ယခုခေတ် နိုင်ငံခေါင်းဆောင်များ၊ မိဘများနမူနာယူသင့်တဲ့အချက်တွေပါပဲ။ အမျိုးမတူ ဘာသာမတူ ယဉ်ကျေးမှုမတူမှတော့ မည်သို့မျှစိတ်ချမ်းမြေ့ဖွယ်ရာကောင်သော အသိုင်းအ၀ိုင်းတစ်ခုဖြစ်လာမည်မဟုတ်ပါ။အခွင့်အရေးချိုးဖောက်မှု၊ ကိုယ်ချင်းစာနာမှုဆိုတဲ့ စကားလုံးတွေအောက်သာ ပြားပြားမှောက်နေလိုက်ပါက မိမိတို့ အမျိုးဇာတ်၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတို့ ကမောက်ကမဖြစ်နေကြရမည်သာဖြစ်သည်”။
ဆိုတော့ အမျိုးဇာတ်တို့ကြားမှာ သမိုင်းတရားခံ အဖြစ်ပဲခံမလား……အခွင့်အရေးချိုးဖောက်မှု၊ ကိုယ်ချင်းစာနာမှုဆိုသော အခွင့်မတူတဲ့သူတွေရဲ့စကားလုံးလှလှလေးတွေကိုပဲ ဂရုစိုက်နေကြမလား

 ရွှေဟင်္သာမင်းရဲ့စိတ်ဓာတ်ကို အတုယူနိုင်ကြပါစေ၊ မိမိအမျိုးဘာသာကို စိတ်မှန်စွာ သစ္စာရှိသော ခေါင်းဆောင်ကောင်းများဖြစ်ကြပါစေ…. မျိုးချစ်စိတ်ထက်သန်သော ခေါင်းဆောင်ကောင်းများဖြစ်ကြပါစေ……..
          နစ္စဇာတ်တော်ကို မှီငြမ်းခံစားပါသည်………..
                  



0 comments:

Post a Comment

ပြောချင်တာလေးများရှိရင်

Popular Posts