Saturday, March 23, 2013

စစ်မှန်စွာချစ်တတ်ပါစေ



ပြဿနာကိုဖြေရှင်းရာ၌ မှန်ကန်စွာဖြေရှင်းတတ်ဖို့ အရေးကြီးလှသည်။ ပြဿနာကို မှန်ကန်စွာမဖြေရှင်းတတ်လို့ ဒုက္ခရောက်သွားရှာသော အကြောင်းအရာလေးတစ်ခုကို တင်ပြချင်ပါတယ်။
          ဘုရားရှင်လက်ထက်တော်ကပေါ့။ အနာထပိဏ်သူဌေးအိမ်မှာ ရောဟိနီမည်သော ကျွန်မတစ်ယောက် ရှိခဲ့တယ်။ တစ်နေ့ သူမအမေက သမီးရယ် ငါ့ကိုယ်ပေါ်မှာနားနေတဲ့ ယင်ကောင်လေးမောင်းပေးစမ်းပါလို့ ပြောတဲ့အခါမှာ ရောဟိနီက ကျည်ပွေ့နဲ့ဆော်လိုက်တယ်။ ဒီတော့ အမေလုပ်သူခများ ဒုခက္ခတွေခံစားပီး သေသွားရှာတယ်။ အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဘုရားရှင်က အတိတ်မှာလဲ ဒီလိုအလားတူအဖြစ်ပျက် ဖြစ်ခဲ့တယ်လို့ မိန့်တော်မူခဲ့ပါတယ်။ နောက်ဆုံးတော့ ဘုရားလောင်းသူဌေး ကောက်ချက်ချလိုက်သည်က ဒီလောကမှာ ရန်သူပင်ဖြစ်သော်လည်း ပညာရှိသော ရန်သူသည်သာ အမြတ်ဆုံးဖြစ်၏ လို့ပေါ့။

          ဒီဇာတ်လမ်းလေးကိုဖတ်ပြီးတော့ ဒီလိုလေးတွေးမိတယ်။ အမိမြေမှာ ဖြစ်နေတဲ့ ပြဿနာမှာ ရန်သူက ပညာရှိသလား? ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုမေးမိတော့ အမိမြေမှာဖြစ်နေတဲ့ အမိမြန်မာလူမျိုးတွေကို သနားလိုက်တာ။ ဘုရားလောင်းကောက်ချက်ချတာနဲ့ဆန့်ကျင်ဘက်ဖြစ်နေလို့ပါ။
          နောက်တစ်ခုက အမိကစေခိုင်းလိုက်တာကို သမီးဖြစ်သူက ဖြေရှင်းနည်းမှန်ကန်စွာမသိလို့ အမိဒုက္ခရောက်သွားရတာလေ။ ဒီလိုပဲ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဆိုတဲ့ ဆောင်ပုဒ်အရ မိဘဖြစ်တဲ့ ပြည်သူတွေကသားသမီးတွေကို စေခိုင်းနေပြီလေ။ ဒီတော့သားသမီးဖြစ်တဲ့ တိုင်းပြည်စောင့်ရှောက်ရတဲ့ သူတွေက ကိုယ့်အမိစေခိုင်းတဲ့တာဝန်ကို မှန်ကန်စွာဖြေတတ်ဖို့လိုလာပြီ၊ ကိုယ့်အမိချမ်းသာစွာရှိဖို့လိုလာပြီ။ ဇာတ်တော်ထဲကသမီး ဖြေရှင်းတဲ့အတိုင်းမဖြစ်ပါစေနဲ့လို့ ဆုတောင်းမိတယ်။ ပြီးဒီတော့  ဆန္ဒတစ်ခုလည်း ဖြစ်မိတယ်။ ကိုယ့်အမိကို စစ်မှန်စွာချစ်တတ်သော သားကောင်းသမီးမြတ်တွေဖြစ်ပါစေလို့ပေါ့……။
အမိပြည်သူ ပြည်သားများ အားလုံး အေးချမ်းသာယာရှိပါစေ……………………..မိုးညွတ်ခ

0 comments:

Post a Comment

ပြောချင်တာလေးများရှိရင်

Popular Posts