Sunday, April 15, 2012

ဓမ္မတန်ခိုးကြောင့်ဘဝမြင့်ခဲ့သူများ(၄)



တစ်နှစ်ကုန်ဆုံးခြင်းသို့ရောက်ပြန်လေပြီ။ နှစ်သစ်ကူးအထိန်းအမှတ်အဖြစ် သင်္ကြန်ပွဲတော်ကို ကျင်းပကြသည်။ သင်္ကြန်ဟူသည်က သင်္ကန္တ-ဆိုသော ပါဠိစကားလုံးမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဆိုလိုချက်က ရွေ့လျားခြင်း ဟူ၍ဖြစ်သည်။ နှစ်ဟောင်းမှနှစ်သစ်သို့ ရွေ့လျားခြင်းဖြစ်သည်။ ရွှေမြန်မာတို့ သည် နှစ်သစ်ကူးအချိန်၌ ဘုရားစေတီပုထိုများအား ရေဖြင့်ပူဇော်ခြင်း၊ အသက်ကြီးသူများအား ရေစင်သွန်းဖြန်းပေးခြင်း၊ လူငယ်မောင်မယ်အချင်း ချင်း ပျော်ရွှင်စွာ ရေပတ်ကစားကြခြင်းများပြုလုပ်ကြသည်။ နှစ်ဟောင်းမှ အညစ်ကြေးများကို သန့်စင်သော ရေကြည်ရေအေးဖြင့် ဖြန်းပတ်ကြခြင်း ဟု ယူဆရသည်။ 
    ထိုပြင်အနန္တောအနန္တငါးပါးတို့အားရှိခိုးပူဇော်ခြင်းများပြုလုပ်ကြသည်။ဤအခါသမယသည် အင်မတန်မှကို ကျက်သရေရှိသောအခါဖြစ်သည်။
ဒီလိုအချိန်မျိုးမှာ ပရိဇိဏ္ဏဗြဟ္မဏဝတ္ထု ကိုပြေပြချင်မိသည်။သာဝတ္ထိပြည်၌ ရှစ်သိန်းသော ဥစ္စာတို့ကိုပိုင်ဆိုင်သောပုဏ္ဏာဇနီးမောင်နှံရှိသည်။သူတို့မှာ သားတော်မောင်လေးယောက်လည်းရှိသည်။ သားတော်များ ပညာစုံလည်းစုံ ကြင်ယာလည်းစုံသောအခါ တစ်ယောက်လျှင် တစ်သိန်းစီခွဲဝေပေးလိုက် သည်။ များမကြီမီ ပုဏ္ဏေးမကြီးကွယ်လွန်သွားလေသည်။ ထိုအခါ သားတို့ သည် ဖခင်ပုဏ္ဏားကြီးနောက်အိမ်ထောင်ပြုမည်စိုးသောကြောင့် သူတို့သား တို့လုပ်ကျွေးမည်အကြောင်းပြော၍ အမွေတောင်းကြတော့၏။ ဖခင်သည် လည်း သားတို့စကားအတိုင်း တစ်ယောက်တစ်သိန်းစီ ခွဲဝေပေးလိုက်တော့ ၏။ ပုဏ္ဏားကြီး၌ ခါးအဝတ်အထည့်သာကျန်တော့၏။
ဤသို့ဖြင့် သားကြီးအိမ်၌ အရင်စ၍ ပြုစုလုပ်ကျွေး၏။ နှစ်ရက်သုံးရက်ကြာ လျှင် သားကြိးအိမ်သူသည် ဖခင်ပုဏ္ဏားကြီးအား ” အိုဖခင် သင်ဖခင်သည် သားကြီးဟူ၍ တစ်ရာ တစ်ထောင်ပိုပေးဖူးသလား ၊ ကျန်သောသားတို့အိမ် သွားသောလမ်းကိုမသိလေသလော “ ဟုပြောဆိုလေ၏။ ပုဏ္ဏားကြီးသည် အမျက်ဒေါသထွက်လျက် သူယုတ်မ ပျက်ဆီးလေလော့ ဟုကြိမ်းမောင်း၍ ထွက်ခဲ့၏။ကျန်သောသားတို့အိမ်၌လည်းသားကြီးမယားနည်းအတူဆက်ဆံ ကြ၏။ ထို့ကြောင်းပုဏ္ဏားကြီးသည် အဝတ်ဖြူနှင့်တောင်းစားရသော ဘဝသို့ ရောက်ရှိသွားရတော့၏။ မကောင်းသဖြင့်စားသောက်ရခြင်း၊ မကောင်းသဖြင့် အိပ်စက်ရခြင်းတို့ကြောင့်ပုဏ္ဏားကြီးသည် ပုံမှန်ထက် အိုမင်းရင့်ရော်သွားရ တော့သည်။
       တစ်နေ့ပုဏ္ဏားကြီး” သည်ရဟန်းဂေါတမသည်မျက်မှောင်ကြုပ်ခြင်းမရှိ၊ ဖော်ရွေရွှင်ပြသော မျက်နှာရှိသတဲ့၊ချမ်းသာစွာဆိုတတ်သော စကားရှိသတဲ့၊ အစေ့အစပ်ပြုခြင်း၌ လိမ္မာသတဲ့ အရှင်ဂေါတမကို ချဉ်းကပ်ရလျှင် အစေ့စပ်ရခြင်းငှာတတ်နိုင်ကောင်း၏ ”ဟုကြံစည်၍ ချဉ်းကပ်လေတော့၏။ မြတ်စွာဘုရားရှင်သည် ပုဏ္ဏားကြီးအား အကျိုးကြောင်းမေးမြန်းပြီး ဂါထာ တစ်ပုဒ်သင်ပေးလိုက်၏။ ပုဏ္ဏားကြီးသည် သားတော်များရှိရာ အစည်းဝေး သဘင်သို့ဝင်ရောက်၍ မြတ်စွာဘုရားရှင်သင်ပေးလိုက်သော ”ကျွန်ုပ်သည် သားတို့မွေးဖွားသည်ရှိသော် နှစ်သက်ရွှင်လန်းဝမ်းမြောက်ရဖူးပါ၏။သားများ သည် ကျွန်ုပ်အား မယားများနှင့်တိုင်ပင်၍ ခွေး၊ဝက်တို့ကိုတားမြစ်သကဲ့သို့ တားဖြစ်ကြပါကုန်၏။သူတော်မဟုတ် ယုတ်မာမိုက်မဲလှသော ဘီလူးတို့သည် သားအသွင်ဖြင့်ဖခင် ဖခင်ဟု ဆိုကြကုန်သတဲ့ သားမိုက်တို့သည် ကြီးရင့် သော အရွယ်သို့ရောက်သောငါ့ကို စွန့်ပစ်ကြကုန်၏။ အိုမင်း၍ သုံးဆောင်ခြင်းငှာမထိုက်သော မြင်းကိုအစာဖြတ်သကဲ့သို့ ကျွန်ုပ်အားပယ် ကြကုန်၏။ ထို့ကြောင်းကျွန်ုပ်သည် တစ်အိမ်တို့၌ တောင်းစားရ၏။သားသ မီးတို့သည် မမြဲကုန်။ တောင်ဝှေးသည် အန္တရာယ်အပေါင်းမှကားကွယ်ပေး နိုင်သေး၏ ဟူသော မြတ်စွာဘုရားရှင်သင်ပေးလိုက်သော ဂါထာကိုရွတ်ဆို လိုက်၏ ထိုအချိန်ခါက မိဘဥစ္စာတို့ကိုယူပြီးမိဘတို့အားမလုပ်ကျွေးပါက သားသမီးတို့အားသက်အပ်သည်ဟူသော ကျင့်ဝတ်တစ်ခုရှိခဲ့၏။ ထို့ကြောင့် ကြားရသူအပေါင်းက ပုဏ္ဏားကြီးသားတို့အား သက်မည်ပြုသောအခါ သားတို့ သည် ဖခင်ပုဏ္ဏားကြိးအားတောင်းပန်ကြတော့သည်။ မိဘတို့ထုံးစံအတိုင်း သားတို့အားခွင့်လွတ်သောကြောင်းသားတို့ အသက်ဘေးမှလွတ်မြောက်ခဲ့ ကြသည်။ နောက်တစ်ခါဒါမျိုးဖြစ်ပါက သင်တို့ကိုသက်ရပါလိမ့်မည်ဟု ပရိ သက်ကြီးက ကြိမ်းမောင်းပြောဆိုလိုက်ကြသည်။ သားတို့သည် မိန်းမများကို လည်း ဒီနေ့မှစ၍ ဖခင်အားကောင်းစွားပြုစုလုပ်ကျွေးကြကုန်လော့ဟု  ကြီမ်း မောင်းထားရတော့သည်။  မြတ်စွာဘုရားရှင်သင်ပေးလိုက်သောဂါထာအစွမ်း ကြောင့်ပုဏ္ဏားတို့သားဖတစ်တွေသည် နွေးထွေးသောမိသားစုဘဝလေးတစ် ခုကိုပိုင်ဆိုင်သွားကြသည်။ ဖခင်၏ဆန္ဒကြောင့်မြတ်စွာဘုရားရှင်အား အိပ်သို့ ပင့်ဆောင်၍ ဆွမ်းလှူဒါန်းကြရာမြတ်စွာဘုရားရှင်က ပါရမီဖြည့်စဉ်အလောင်းတော်ဆင်မင်းဘဝက မျက်စိမမြင်သော မိခင်ဆင်မကြီးအားပြုစုလုပ်ကျွေးခဲ့ သော မာတုပေါသက ဇာတ်တော်အားအကျယ်တဝင့် ဟောကြားတော်မူ သည်။ မြတ်စွဘုရားရှင်တရားတော်အဆုံး၌ ပုဏ္ဏားကြီးနှင့်တကွ သားတော် ချွေးမတော်များ သောတာပတ္တိဖိုလ်သို့ဆိုက်ရောက်သွားကြတော့၏။
       ဤဝတ္ထု၏ အကြောင်းအရာတို့သည် မျက်မှောက်ခေတ်ကို မီးမောင်း ထိုးပြလျှက်ရှိသည်။ အချို့သော သားသမီးတို့သည် မိဘကိုပင် ဥစ္စာရှိမှ ပြုစု လုပ်ကျွေးချင်ကြ၏။မိဘထံမှ အမွေရပြီး၍ဖြစ်စေ၊ မိဘများနွမ်းပါး၍ ဖြစ်စေ မိဘတို့ထံမကပ်ချင်ကြ၊ မပြုစုချင်ကြပေ။ ထိုကဲ့သို့သော သားသမီးများ ကြောင့် မဃဒေဝ၌”ဤလောက၌ ၊မိဘကိုပင်၊ဥစ္စာမြင်မှ၊ခင်မင်မြတ်လေး၊ သားတို့မွေး၏၊ပဲရွေးမရှိ၊ ဘမိတို့အား၊သမီးသားလည်း၊ထံပါးနီးရပ်၊မကပ်လို လျှင်၊ရှောင်ကြကွင်း၏” ဟုစပ်ဆိုထားခြင်းဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့သော သားမီးများ များပြားလာပါလျှင်လူမှုဆက်ဆံရေးနယ်ပယ်၌နွေးထွေးမှုများ ပျောက်ဆုံးနေကြမည်သာဖြစ်၏။ ထိုသို့ဖြစ်ပါက ကမ္ဘာလောကကြီးသည် အကျဉ်းတန်လျက်ရှိမည်သာဖြစ်သည်။
ဖခင်ကြီးထံ၌ ဥစ္စာများရှိနေသောအခါ သားသမီးတို့သည် ပြုစုလုပ်ကျွေး ကြ၏။ ဖခင်ထံ၌ ဥစ္စာများမရှိသော် မဘက်ပါ၍ ဖခင်ကို မလုပ်ကျွေးကြ တော့။ ထို့ကြောင့် အထီးကျန်မွဲ သူဆင်ရဲဘဝသို့ဆိုက်ရောက်သွားရတော့ သည်။ သို့သော် မြတ်စွာဘုရားတည်းဟူသော အဆွေခင်ပွန်းကောင်းကြောင့် မိသားစုနှင့်အတူ စိုစိုပြေပြေရှိခဲ့ရသည်။ကျင့်ဝတ်ဓလေ့ထုံးစုံအရ သားသမီး များအားသက်ကြမည်ကြံသောအခါ မိဘတို့၏ စုန်ရေမေတ္တာကို အထင်သား တွေ့မြင်ကြရသည်။သားသမီးတို့သည်လည်း မိဘကိုပြုစုလုပ်ကျွေးမှုကြောင့် နေ့စဉ်ကုသိုလ်တရားများရရှိနေတော့သည်။ ထို့နောက်မြတ်စွာဘုရားရှင် အားဆည်းကပ်သောကြောင့်မိသားစုအားလုံး သောတာပတ္တိဖိုလ်ရရှိကြ သည်။ မြတ်ဗုဒ္ဓ၏ တရားဓမ္မသည် အထီကျန်မွဲသူဆင်းရဲဖြစ်နေသော ဖခင် ပုဏ္ဏားကြီးအား သားသမီးတို့ဖြင့်စိုစိုပြေပြေရှိခဲ့သည်။ သားသမီးတို့ သည်လည်း မိဘကိုမလုပ်ကျွေးခြင်းကြောင့် အသက်ခံရမည့်ဘေး၊ မကောင်းသောဘဝ၌ ဖြစ်ရမည့်ဘေးတို့မှလွတ်မြောက်စေခဲ့သည်။ ပုထုဇဉ်ဘဝမှ အရိယာဘဝသို့ မြင့်တတ်စေခဲ့သည်။ မြတ်ဗုဒ္ဓ၏ တရားဓမ္မ အစွမ်းအံ့မခန်းပါတကား။
       ဤဝတ္ထုလာမကောင်းသောတရားများကိုရှောင်ကြဉ်ပြီး ကောင်းသော တရားများဖြင့်နှစ်သစ်ကူးကာလမှဘဝတစ်လျှောက်လုံးဆောက်တည်သွားကြပါစိုလား…………..
အစကောင်းမှအနှောင်းသေချာဆိုသည့်အတိုင်း အနှောင်းသေချာအောင်ကုသိုလ်များဖြင့်စလိုက်ကြရအောင်လား သူတော်ကောင်းတို့……..
       အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ……….
      

0 comments:

Post a Comment

ပြောချင်တာလေးများရှိရင်

Popular Posts