Sunday, September 2, 2012

ဆွေမျိုးတွေပါပဲ......


ဘယ်လောက်ပဲဝေးဝေးဝေးနေတာကအဓိကမဟုတ်ပါဘူး။မိမိအာရုံမှာနီးနေဖို့ကအဓိကပါ။ တွေ့ခွင့်ရတာမရတာတွေကလည်း အဓိကမဟုတ်ပါဘူး။စိတ်အာရုံထဲမှာတွေ့ဖြစ်နေကြမယ်ရင် မိုးကောင်းကင်ကြီးလိုထင်ရှားနေမှာပါ။ ကြားယောင်ကြည့်ရင်လည်း အနီးနားမှာ ကပ်ပြောနေသလိုခံစားရမှာပါ။ဒါပေမဲ့ အလိုဖြစ်ဖို့အတွက် ဆက်သွယ်ရေးနည်းလမ်းတစ်ခုကတော့ လိုပ်အပ်လျှက်ရှိပါတယ်။ အဲဒီနည်းလမ်းကတော့ မေဇ္ဇတိ သိနေဟတီတိ မေတ္တာ =ချစ်သောသူတို့ရဲ့အကျိုး စီးပွားကိုအလုပ်ရှိတတ်တဲ့ နည်းပါ။ မေတ္တာတွေအပြန်အလှထားနေကြမယ်ဆိုရင် ပင်လယ်သမုဒ္ဒယာ၊တောတောင်တွေခြားနေလည်း မေတ္တာစိတ်အစဉ်ကြောင့်အနီးလေးမှာနေရသလိုခံစားနေရမှာပါ။ အကယ်လို့မေတ္တာတရားတွေခေါင်းပါးနေကြမယ်ဆိုရင်တော့ ကိုယ့်ဘေးနားမှာကပ်နေလျှင်တောင်မှ မေတ္တာတရားတွေခေါင်းပါးနေလို့သမုဒ္ဒယာ တောတောင်တွေခြားနားနေသလိုခံစားရနေသလိုဖြစ်နေမှာပါ။နီးတာဝေးတာတွေရွေးစရာမလိုပါဘူးမေတ္တာအားတွေများနေဖို့သာအဓိကပါ။ အစမထင်ထင်ခဲ့တဲ့သံသရာကြေးမုံပြင်မှာတစ်စုံတစ်ဦးနဲ့မှ အမျိုးမတော်ခဲ့ဖူးတဲ့သူဆိုတာရှိမယ်မထင်ပါဘူး။ မေတ္တာစိတ်လေးသာထားတတ်မယ်ဆိုရင် ရန်သူဆိုတာမရှိပါဘူး။ မခင်သေးတဲ့မိတ်ဆွေတွေပဲရှိတာပါ။မသိသေးတဲ့ဆွေမျိုးတွေပဲရှိတာပါ။ မေတ္တာတရားသာ ထားနိုကြမယ်ဆိုရင် အားလုံးဟာ မိတ်ဆွေတွေချည်းဖြစ်မှာပါ။ဆွေမျိုးတွေချည်းပဲဖြစ်မှာပါ။
ဒီအကြောင်းလေးကို ဥရဂဇာတ်တော် ဇာတ်တော်နှင့် နည်းနည်းလောက်ပြောပြချင်ပါတယ်။ ဗာရာဏသီပြည်မှာ မြဟ္မဒတ်မင်းစိုးစံစဉ်ကပေါ့။ နှစ်စဉ်ကျင်းပတဲ့ပွဲလမ်းသဘင်မှာ လူတွေသာမက နဂါး ဂဠုန်တို့ပါ လူယောင်ဖန်ဆင်းပြီး လာရောက်ကြည့်ကြသတဲ့။ လူယောင်ဆောင်ထားသောနဂါးက သူ့ရှေ့မှလူအပေါ်လက်တင်လိုက်ရာ သူလက်တင်လိုက်သောသူမှာ ဂဠုန်ဖြစ်နေသည်ကိုသိသွားတော့သည်။ ဂဠုန်ကလည်းနဂါးဖြစ်သည်ကိုသိသွားတဲ့အခါ နဂါးကကြောက်လှသဖြင့်ထွက်ပြေးရတော့သည်။ ဂဠုန်ကလည်း သူအစာဖြစ်သဖြင့်နောက်မှလိုက်တော့သည်။ မြစ်ဆိပ်ကမ်းမှာတော့ဘုရားလောင်းတော်ရသေ့က သင်္ကန်ကိုစုံပုံပြီး ရေသုံးသပ်နေသည်။ နဂါလည်းမည်သို့မျှ ပြေးမလွတ်တော့ဆိုတာကိုသိသွားပြီး သူ့ခန္ဓာကိုယ်ကိုပတ္တမြားအလုံးသွင်ဖန်ဆင်းပြီးဝင်နေလိုက်တော့သည်။ ဂဠုန်က သင်္ကန်ကြောင့်မစားသေးပဲ အရှင်ရသေ့ကိုသင်္ကန်းယူခိုင်းသည်။ သူဗိုက်ဆာနေသော်လည်းသင်္ကန်းကြောင့်မစားသေးပဲနေ နေသည်ဟူလည်းလျှောက်တင်းပြီးတော့ပေါ့။ အရှင်ရသေ့က ဂဠုန်ရဲ့သင်္ကန်းတော်ကိုရိုသေစိတ်ဓာတ်ကို အသိမှတ်ပြုပြီး သင်အသက်ရှည်ပါစေ ၊သင့်အတွက် နတ်သုဒ္ဓါတို့သည် ထင်ရှားဖြစ်ပေါ်လာပါစေသတည်း လို့ ဆုတောင်းပေးလိုက်သည်။
ထို့နောက် အရှင်ရသေ့သည် နဂါးနှင့်ဂဠုန်တို့ကို ကျောင်းသင်္ခန်းကျောင်းသို့ခေါ်ဆောင်ပြီးမေတ္တာဘာဝနာ၏ အကျိုးကျေးဇူးတို့ကိုဟောပြောလိုက်သောအခါ နဂါးနှင့်ဂဠုန်တို့ သင့်တင်ညီညွတ်သွားကြည်သည်။ အဆွေခင် ပွန်းဖြစ်သွားကြသည်။ ဤသည်မှာ မေတ္တာဘာဝနာအစွမ်းကြောင့်ဖြစ်သည်။ မေတ္တာတရားအစွမ်းသည် ရန်သူဖြစ်သော နဂါးနှင့်ဂဠုန်တို့ကိုတောင် သင့်မြတ်စေသည် မိတ်ဆွေဖြစ်စေသည်ဆိုမှတော့ အသိဥာဏ်ရှိသော လူသားများအတွက် လုံးဝအတုယူသင့်သော နည်းစနစ်တစ်ခုဖြစ်သည်။ သံသရာဘယ်ကစခဲ့သည်ဆိုတာကိုမည်သူမျှသိကြသည်မဟုတ်ပါ။ ဒါကြောင့်အားလုံးဟာ တစ်းနည်းမဟုတ်တစ်နည်းတော့ဆွေးမျိုးတွေဖြစ်ခဲ့ကြမည်သာဖြစ်သည်။ မဆုံသေးသောဆွေမျိုးတွေဖြစ်ကြမည်ဖြစ်သည်။ဆိုမျိုးဆိုတာကို ဝိဿာသ ပရမာ ဥာတိ=မြတ်နိုးချစ်ခင် အကျွမ်းဝင်သောသူသည် မွန်မြတ်လှစွာသော ဆွေမျိုး…ပါလို့ဖွင့်ထားတာရှိပါတယ်။ ဒါကြောင့် မေတ္တာအခါတော်နေမှစလို့ ဆွေမျိုးများအားလုံးအပေါ် မြတ်နိုးချစ်ခင်အကျွမ်းဝင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း…………….မိုးညွတ်ခ

0 comments:

Post a Comment

ပြောချင်တာလေးများရှိရင်

Popular Posts