Saturday, April 7, 2012

ဓမ္မတန်ခိုးကြောင့်ဘဝမြင့်ခဲ့သူများ(၃)

မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သော တရားတော်များသည် ပစ္စုပ္ပန်သံသရာ ကျိုးနှစ်ဖြာ ကို ပေးစွမ်းနိုင်  သည်ချည်းသာဖြစ်၏။ မြတ်ဗုဒ္ဓ၏တရားတော်မြတ်သည် ကောင်းကျိုးချမ်းသာကိုပေးစွမ်း နိုင်သလို မြတ်ဗုဒ္ဓ၏ အသံတော်မြတ်သည်လည်း ကြားနာရသောသတ္တဝါတို့၏ နားအကြည့်ဓာတ်-သောတပသာဒအား ဖရဏာပီတိဂွမ်းဆိထိသို့ ကြည်နူးနှစ်သက် ဝမ်းမြောက်ရွှင်ကြည် အာရုံရွှင်လန်း စိတ်ဝယ်ချမ်းမြေ့ ကောင်းမြတ်အာရုံ စိတ်ဝယ်ထုံ၍ ကောင်းစွားနာကြားရသည်သာဖြစ်၏။ အဘယ့် ကြောင့်ဆိုသော် မြတ်ဗုဒ္ဓ၏ အသံတော်မြတ်သည် …………
          ၁။ ဝိဿဋ္ဌ……သန့်ရှင်းစင်ကြယ်ခြင်း။
          ၂။ ဝိညေယျ…. သိလွယ်ခြင်း။
          ၃။ မဉ္ဖူ…သာယာခြင်း
          ၄။ သဝနီယ….နာချင်စဖွယ်ရှိခြင်း။
          ၅။ ဗိန္ဒု……တစ်လုံးတစည်းတည်းရှိခြင်း
          ၆။ အဝိသာရီ….ပရိသတ်အပြင်သို့ပြန့်မထွက်ခြင်း
          ၇။ ဂမ္ဘီရ ..နက်နဲခြင်း။
          ၈။ နိန္နာဒိ …ပဲ့တင်ထပ်ခြင်း…………ဟူသော အသံတော်ရှစ်ပါးနှင့်ပြည့်စုံနေသောကြောင့်ဖြစ်သည်။
သာယာသောအသံတော်တို့ကို လူတိုင်းနှစ်သက်ကြသလို တိရစ္ဆာန်များလည်း လိုလားနှစ်သက်ကြ လေသည်။ ထိုအကြောင်းကို ဖားနတ်သားဇာတ်ကြောင်းက သက်သေခံလျှက်ရှိနေပေသည်။


မြတ်စွာဘုရားရှင်သည် ဂဂ္ဂရာရေကန်အနီး၌ စမ္ပာမြို့သူ မြို့သားတို့အား တရားတော်မြတ်ဟောကြား နေစဉ် ဖားတစ်ကောင်သည်လည်း သာယာသော မြတ်ဗုဒ္ဓ၏ အသံတော်ကို ကောင်းမြတ်သော အသံ တော်အဖြစ် မှတ်ယူနေစဉ် နွားကျောင်းသားတစ်ဦး၏ နွားရိုက်တုတ်ဖြင့်ထောက်ငေးရာ ဦးခေါင်းကို ထိခိုက်မိရာမှ အသက်ထွက်သွားခဲ့သည်။ မြတ်စွဘုရားရှင်၏ အသံတော်ကို သာယာသော အသံဖြင့် မှတ်ယူနားခဲ့သော ကုသိုလ်ကံစေတနာကြောင့် (၁၂)ယူဇနာ ရှိသော ရွှေဗိမာန်နတ်သားတစ်ပါးဖြစ်ရ လေသည်။ သူ၏ အတိတ်ကိုစဉ်းစားသည်ရှိသော် မြတ်ဗုဒ္ဓ၏ အသံတော်ကို နာယူခဲ့ဖူးသော ကုသိုလ် မှတပါးမမြင်မိ။ ဖားနတ်သားသည် သူ၏ မဖြစ်စလောက်သော ကုသိုလ်အရှိန်ကြောင့် ဤကဲ့သို့ ဖြစ်ရသည်ကို အများသူငါသိစေချင်၍ ပရိသတ်နှင့်တကွ သွားရောက်လျှောက်ထားခဲ့ရာမှ မြတ်စွာဘုရားရှင် ဟောအပ်သောတရားတော်ကြောင့် သောတာပတ္တိဖိုလ်သို့ဆိုက်ရောက်ခဲ့သည်။ မြတ်စွာဘုရားရှင်၏ တရားတော်ကြောင့် ဖားသည် မဂ်ဖိုရောက်စေနိုင်သော ဘဝသို့ရောက်ခဲ့ပြိး သောတာပတ္တိဖို့ရောက်ခဲ့ရသည်။
ဖားသတ္တဝါသည် တရားဓမ္မဟောကြားနေသည်ကိုလည်းမသိ၊ တရားဓမ္မကိုလည်းတစ်လုံးတစ်ပါဒမှ နားမလည်သော်လည်း မြတ်စွာဘုရားရှင်၏ သာယာသော အသံတော်ကို နားစိုက်အာရုံယူမိကာမျှဖြင့် နတ်စည်းစိမ်းကိုခံစားခဲ့ရသည်။ အသိဥာဏ်မရှိသော အဟိတ်တိရစ္ဆာန်သည်ပင် ထိုကဲ့သို့ ခံစားရပါ လျှင် အသိဥာဏ်ရှိသော လူသားများအနေဖြင့်မူ တရားဓမ္မကိုကျင့်ကြံအားထုတ်မည်ဆိုပါက အတိုင်း မသိသော ချမ်းသာသုခတို့ကိုခံစားရမည်သာဖြစ်၏။
ထို့ကြောင့် ဖားနတ်သားဖြစ်ရပ်ကို နမူနာယူ၍မြတ်ဗုဒ္ဓ၏ တရားဓမ္မများကို လက်တွေ့ဘဝအတွင်းသို့ကျင့်ကြံ နာယူ မှတ်သားအသုံးချရင်း မိမိတို့လက်ရှိဘဝထက် မြင့်သထက်မြင့်အောင်ကျင့်ကြံလိုက်နာကြပါစို့……….
          အားလုံးကျန်းမာချမ်းသာကြပါစေ……

0 comments:

Post a Comment

ပြောချင်တာလေးများရှိရင်

Popular Posts