Friday, June 21, 2013

အတုမြင်အတတ်သင်




အသေ၀နာစ ဗာလာနံ
ဧတံ မင်္ဂလမုတ္တမံ။
လူမိုက်နှင့် မပေါင်းသင်းခြင်းသည် မြတ်သောမင်္ဂလာပါတဲ့……။
လိုဏ်ခေါင်းကို ဘယ်လိုတူးမယ်….လူကိုသက်ပြီးမှ ပစ္စည်းခိုးသင့်တယ်…စသည်စသည်နဲ့ ခိုးသူတွေညတော်တော်များများလာရောက်တိုင်ပင်ကြလေရဲ့။ သူတို့ပြောနေတဲ့ အသံတွေကို မင်္ဂလာဆင်က တိုင်ပင်တိုင်းကြားရတာပေါ့။ ဒီတော့ ဆင်မင်းက သူ့ကိုလာသင်ပေးနေတယ်မှတ်ထင်သွားလေရဲ့။ ဆင်မင်း စိတ်ထဲမှာ ခိုးသူတို့စကားတွေ ကြီးစိုးလို့နေတာပေါ့။ ဒီတော့ ဆင်မင်းက အနားကပ်လာသော ဆင်ဦးထိန်းကို ဆော်လိုက်တာ ပွဲချင်းပီးသွားတယ်။ မြင်သူတိုင်းကို ရန်သူထင်နေတော့တာပေါ့။ ဒီအကြောင်းကို ပညာရှိအမတ်ထံ ပြောပြကြရတော့တာ။ ပညာရှိအမတ်က အကြောင်းအရာအားလုံးကို စုံစမ်းကြည့်တော့ ဆင်မင်း အတုယူမှားနေတာကို သိသွားတော့တယ်။ ဒီတော့ ပညာရှိအမတ်က သူတော်ကောင်း သမဏ ဗြဟ္မဏတွေကို ပင့်ဆောင်ပြီး တရားဓမ္မဆွေးနွေးစေလိုက်မှ သူတော်ကောင်းစကားတွေ ကြားနာရပြိး  ဆင်မင်းက အရင်လိုပြန်ပြီးတော့ ယဉ်ကျေးသွားတော့တာပေါ့။
         
          ဒီအအကြောင်းအရာတွေကို ဖတ်ပြိးတော့ အတွေးလေးတွေဝင်လာခဲ့တယ်။ အစက ယဉ်ကျေးပါသည် ဆိုသော ဆင်မင်းသည်ပင် ပတ်ဝန်းကျင်ကြောင့်အရောင်ပြောင်းလဲသွားတတ်တာ။ အရိုင်းဓာတ်တွေ လွှမ်းသွားတာ။ အတုမြင် အတတ်သင်လို့ပေါ့။
          အခုဖေစ်ဘွတ်ပေါ်မှာလည်း ကောင်းတာတွေရော မကောင်းတာတွေရော ကြုံတွေ့နေကြရတာပါပဲ။ တစ်ပိုင်းကြောင် ကျက်စာရရုံနှင့်
ခက်ပါလှ သဘောဥာဏ်၊
ထက်မာန အပြောသန်တယ် ဒေါသမာန်ထူပွား၊
စောဒက တုဘက်လာလျှင် သူ့ထက်ငါ ငြင်းတဲ့ လူစား
…………
မပြောပလောက်တဲ့ စာပေဗဟုသုတလေးကို (လူ့အခွင့်ရေးချိုးဖောက်တာ)ပေါ်လစီစကားလုံးလှလှလေးတွေနဲ့ရောယှက်ပြီး အမျိုးဘာသာ၊ သာသနာအတွက် ဆူးငြောင့်ခလုတ်ဖြစ်နေတဲ့သူတွေရဲ့ စကားလုံးတွေကိုပဲ အလွမ်းမိုးခံနေကြမည်လား။
            ကမ္ဘာတည်သရွေ့ မြန်မာဆိုတာရှိရမယ်၊ ဗုဒ္ဓဘာသာဆိုတာရှိရမယ် ဆိုတဲ့ ရေရှည် အတွေးအမြင်တွေနဲ့ တူးဖော်တည်ဆောက်နေတဲ့ သူတော်ကောင်းတွေရဲ့စကားကိုပဲလိုက်နာကြမည်လား။ မိမိဘ၀ကို မိမိတည်ဆောက်တတ်နိုင်မဲ့ ဥာဏ်တွေလည်လိုပါတယ်(အတ္တသမာပဏိဓိပေါ့)။သွေးပြောသောစကားကို ကြားနာတတ်တဲ့ ပကတိနား၊ ဥာဏ်နားရှိဖို့လိုနေပြိနော်။အတုယူမမှားဖို့တော့လိုနေပြီ။
            မင်္ဂလာဆင်မင်းဟာ ပညာရှိအမတ်ဟူသော သပ္ပုရိသူပနိဿယ=သူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်းကြောင့် အကုသိုလ်များ ထပ်မဖြစ်ပွားခဲ့တော့။
ဆိုတော့ ကိုယ်တွေလည်း ဘယ်လိုပုဂ္ဂိုလ်မျိုးကိုဆည်ကပ်ကြမလဲ။ အလေးနက်စဉ်းစားရမှာက ကိုယ်လုပ်တဲ့ လုပ်ငန်းတစ်ခုက ပစ္စပ္ပန် သံသရာနှစ်ဖြာအကျိုးကို ခြောက်လန့်နေမဲ့ အလုပ်မျိုးမဖြစ်ဖို့ လိုတယ်ဆိုတာပါပဲ။
          ဒီတော့….ပဏ္ဍိတာနဉ္စ၊ သေ၀နာ။ ဧတံ မင်္ဂလမုတ္တမံ။ ပညာရှိကို ဆည်းကပ်မှီဝဲခြင်းသည် မင်္ဂလာ ဆိုတဲ့မင်္ဂလာတရားကိုလိုက်နာဖို့လိုလာပြီး။ သို့မှသာ ပစ္စပ္ပန်တမလွန် ဘ၀တွေလှနေမည်မဟုတ်ပါလား….။
          မကောင်းသော အရာတွေကို မြင်၊ကြားပြီး အတုမြင် အတတ်သင်မဖြစ်ရလေအောင် ကိုယ်တွေဘ၀တွေကို စစ်မှန်သော လမ်းကြောင်းကို ညွှန်ပြနိုင်သော ပညာရှိတွေကို ဆည်းကပ်နိုင်ကြပါစေ….
ပစ္စပ္ပန်တမလွန် ဘ၀တွေလှပကြပါစေ………….ဆန္ဒမွန်ဖြင့်……………(မိုးညွတ်ခ)
         
          မဟိဠှမုခဇာတ်တောကို ခံစားမှီငြမ်းပါသည်……….

1 comments:

မိုးနတ်ကြယ်စင် said...

မတွေ့ရတာတောင် အတော်ကြာပါပြီ အရှင်ဘုရားရေ...
ခံစားမှီငြမ်းတယ် ဆိုပေသိ ပြေပြစ်လှတဲ့ စကားပြေအရေးအသား
အတွေးအားကောင်းကောင်းလေးနဲ့ ရိုးရှင်းစွာ လူအများနားလည်
လွယ်အောင် ရေးထားတဲ့ ဓမ္မဆောင်းပါးလေးပါပဲ....
ဟုတ်ပါတယ် အရှင်ဘုရားရေ ....လောကကြီးမှာလဲ
ဘာတွေဖြစ်နေမှန်းကို မသိတော့ဘူးရယ် :(
အရှင်ဘုရားရော ကျန်းမာပါရဲ့လားဘုရားးးး
ကျန်းမာရေးတော့ အထူးဂရုစိုက်ပါ ဘုရား

ုရိုသေလေးစားစွာဖြင့်
မိုးနတ်ကြယ်စင်

Post a Comment

ပြောချင်တာလေးများရှိရင်

Popular Posts